Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, November 30, 2011

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

Sunday, September 11, 2011

ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို မှားဖျက်မိတယ်ဆိုပါစို

တကယ်လို့များ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို မှားဖျက်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကွန်ပျူတာထဲကို နောက်ထပ်ဖိုင်အသစ်ထပ်ထည့်တာတွေ၊ ဖိုင်တွေထပ်ဖျက်တာတွေ လုံးဝ မလုပ်မိပါစေနဲ့။ အဲဒီလိုသာလုပ်မိရင် မှားဖျက်မိတဲ့ဖိုင်လေး ပြန်ရဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။

ဖျက်မိလိုက်ချင်းဘဲ မှားဖျက်မိတယ်ဆိုတာကို သိရင် Free ပေးတဲ့ Recuva ကိုသုံးပြီး ပြန်ရှာလို့ရပါတယ်။ လက်တွေ့စမ်းသပ်ပြီးသားပါ။ တကယ်ကောင်းပါတယ်။

အဲဒီလိုပါပဲ။ Memory Stick ထဲကဖိုင်တွေ၊ MP4 ထဲက File တွေ၊ Digital Camera ထဲကဖိုင်တွေ မှားဖျက်မိတယ် ဆိုရင်လည်း နောက်ထပ် ဓာတ်ပုံတွေ ထပ်ရိုက်တာတို့ ဖိုင်အသစ်ထည့်တာတို့သာ မလုပ်မိပါစေနဲ့။ Recuva နဲ့ ပြန်ယူလို့ရနိုင်ပါသေးတယ်။

Friday, September 9, 2011

ဟောက်တာ ရောဂါလား


လူတိုင်းသည် ညအခါ၌ အိပ်စက်အနားယူကြပါသည်။ နောက်တနေ့ လုပ်ငန်းခွင်ကို စိတ်က်ြညလင်လန်းဆန်းစွာနှင့် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ဖြစ်သည်။ အိပ်ရေးမဝလျှင် လုပ်ငန်းခွင်၌ အိပ်ငိုက်၍ အဆင်မပြေ ဖြစ်တတ်ပါသည်။ အလုပ်သမားအချို့ အိပ်ငိုက်၍ အသက်အန္တရာယ်ပင် ထိခိုက်တတ်ကြောင်း ကိုယ်တွေ့မျက်မြင်ရှိခဲ့ပါသည်။

စာရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေဆိပ်အနီးရှိ ရှစ်ထပ်အဆောက်အအုံတခုတွင် ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ထိုင်းအလုပ်သမားတဦးသည် အလုပ်လုပ်နေစဉ် အိပ်ငိုက်၍ ရှစ်ထပ် အဆောက်အအုံအပေါ်ဆုံးထပ်မှ အောက်သို့ပြုတ်ကျ၍ သေဆုံးသွားသည်ကို ဝမ်းနည်းဖွယ် တွေ့ကြုံခဲ့ရဖူးပါသည်။

Thursday, July 28, 2011

အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း အပါအ၀င် အိပ်စက်ခြင်း အကြောင်း ကျွန်တော်တို့ မသိသေးသော အချက်များ




အိပ်စက်ခြင်းဟာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င် နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့ ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။

စကားကြီး (၁၀) ခွန်း

၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း

၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း

၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော
စကားမျိုးပြောဆိုခြင်း

၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း

၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့
ပြောဆိုခြင်း

Body Language


ခန္ဓာကိုယ် ဘာသာစကား ဟာ ပေါင်းသင်း ဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေ မှာ ကောင်းကျိုး တွေကို ပေးနိုင်စွမ်း ရှိပါတယ်။

သင် သိပါရဲ့လား


မျက်နှာချင်းဆိုင် တွေ့ဆုံရတဲ့ အခြေအနေဟာ စကားပြောစရာ မလိုဘဲ နဲ့ တောင် ၅၅ ရာခိုင်နှုန်း အထိ နားလည်မှု
ရှိပါတယ်။ ဆုံတွေ့တဲ့အခါ သင်ပြောရမယ့် စကားလုံး အရေအတွက်က ခုနစ် ရာခိုင်နှုန်း လောက် ပို နည်းသွားပြီး အသံ
ပမာဏဟာ ၃၈ ရာခိုင်နှုန်း လောက် ပဲ ကျယ်စရာ လိုပါတယ်။

Saturday, April 23, 2011

မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊



ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်းလေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှဘူမိဗေဒပညာရှင်များနှင့် ပြည်ပကငှာရမ်းထားတဲ့
ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ
ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ် ။
ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအောပ် အနက်ကိုးမိုင်အရောက်မှာဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ့ ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့ လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်
ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ့ ရှိရပါတယ် ။ ဘာကြောင့်တုန်ခါသလဲဟုစစ်ဆေးကြ
တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်
နေလို့  ထိမ်းမရအောင်လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ ရှိပါတယ်
အဲဒီအခါမှာတော့လုံးဝမခံ မရပ်နိုင်အောင်နာကျင်တယ်လို့  အော်ဟစ်နေကြတဲ့အသံကိုစတင်ကြားရပါတယ်။

ပထမတော့သူတို့ ရဲ့တွင်းတူးစက်နဲ့  ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်
ထား ကြပေမဲ့ သေချာစူစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာကြားနေ
ရတယ်အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို
့ဒေါက်တာ ဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကိုတွင်းထဲချပြီး
အသံဖမ်းနားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့အသံကို
သဲသဲကွဲကွဲစတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့ အတူလူပေါင်းထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာဒေါက်တာ ဒီမီထရီအက်ဇာကော့အပါအ၀င်.တခြားပညာရှင်တွေရော..တွင်းတူးလုပ်သားတွေပါ
အံ့သြတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကိုအလွန်ဆွဲအားကောင်းတဲ့အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကိုဆက်မလုပ်တော့ပဲ တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကိုတွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကိုဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။“
ကျနော်အခုခင်ဗျားတို့ ကိုပြောပြနေတဲ့ဟာတွေကတွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ့ 
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ ရဲ့ပြောကြားချက်တွေပါပဲ
ဒီသတင်းတွေကိုဖင်လန်နိုင်ငံကအင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင်ကရေးသားဖော်ပြကြတယ် ။
ဒီကျနော်တို့ ကမာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ ဖာရင်ဟိုက်အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲရှိတယ်။ မြေကြီးအောင်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက်သိရှိရတယ် ။
သူတို့ မူလခန့် မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် ကဆိုပါတယ်။
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့်ဘူမိဗေဒပညာရှိချုပ် တို့ ဟာ နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင့်
အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့သတင်းစာကြီးက 1990ခုဇန်န၀ါရီလ4ရက်နေ့ မှာ
တွေ့ ဆုံမေးမြန်းခဲ့တယ်။
ဘာနီနန်မီဒယ်ပြောတာတွေကိုသတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ်။အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ၊ တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ့ ရှိမှုတွေပြီးတဲ့ နောက်မှာ နော်ဝေးနိုင်ငံနဲ့  ဖင်လန်နိုင်ငံမှ.ဘူမိဗေဒပညာရှင်တချို့..အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လိုသတင်းစာတွေမှာ
ရေးသားဖော်ပြခဲ့ ကြတယ်။
အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့နိုင်ငံခြားသား အားလုံးကို. တွေ့ ရှိချက်အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင်မထားတော့ပဲ
ပြည်ပကိုပြန်ပို့ လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းကိုကြားတဲ့အခါမှာ ဆိုဗီယက်အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။ ဆိုဗီယက်သာသနာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက်ဆိုတာကိုတော့တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို့ မရခဲ့ပါဘူး။
ခန့် မှန်းရသလောက်ကတော့တစ်ဦးစီကို သိန်းဂဏန်းလောက်ပေးပုံရတယ်လို့  မီဒီယာသမားတွေကထင်မြင်ချင်ဖြင့်ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ်
့ကတော့သူရရှိတဲ့ ငွေတွေကိုတပြားတချပ်မှမယူပဲကယ်ဆယ်ရေးလုပ်ငန်းတွေကို လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်းပေါက်ကြားတဲ့အခါမှာတော့သူ
့အသက်လဲဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက်အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို မြေဆီလွှာလှုက်ရှားသံဟု..ဆိုပြီ.ပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့နော်ဝေးနိုင်ငံသားအေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့လူရေးခဲ့တဲ့စာပါပဲ။ သူဟာ.နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်လဲဖြစ်တယ်။
စာရေးတဲ့ နေ့ စွဲက ၁၉၉၀ခု ဇန်န၀ါရီလ ၇ ရက်နေ့  သူ့ စာထဲမှာရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာသူက
အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ်ရောက်နေချိန်မှာနော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ
တွင်းတူးရင်းနဲ့  ဟောင်းလောင်းပေါက်ဟင်းလင်းပြင်ကိုတွေ့ ရပြီး..လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံကိုကြားရကြောင်းသတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကိုဟာသဆိုပြီးပြရယ်ပြုခဲ့ပါသေးတယ်ဟုဆိုပါတယ်။
ဒါပေမဲ့မကြာပါဘူး ပြည့်ပြည့်စုံစုံရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကိုဖတ်လိုက်ရတဲ့အခါမှာတော့ သူဟာအရမ်းအံ့သြတုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့သူ့ ကို ဘုရားသခင်ထံမှာအပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။
ကျမ်းည္မန်း။ ။အကုသိုလ်နှင့်ငရဲပြည်ဟူသောစာအုပ်မှ ဘာသာပြန်သူ
ဘကြီးဇင်ရေးသားသောစာအုပ်မှဖြစ်ပါသည်။
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။

မှတ်ချက်။ ။ ဒါကတော့ မေလ်းထဲက တွေ့ တာပေါ့နော်။ အသံဖိုင်ပါတယ်ခင်ဗျ။  ပို့ ပေးတဲ့ သူက အသံဖိုင် အတိုလေးပဲ ပို့ ပေးတာပါတဲ့ ။ အောက်မှာ ဖတ်ကြည့် ပါ။ ကျွန်တော် မူရင်း အတိုင်း ပြန်တင်ပေးထားတာပါခင်ဗျ။

အသံဖိုင် ပို့လိုက်ပါတယ် ….
အသံဖိုင်က သိပ်မရှည်ပါဘူး … တိုတိုလေးပါ …
၁ မိနစ်နီးပါးလောက်ပဲကြာပါတယ် …
ရေဒီယို ထုတ်လွင့်ချက်က အသံကို ပြန်ကူးထားတာပါ …

ကျွန်တော့်အသိတစ်ယောက်ဆီမှာတော့ မူရင်းအသံဖိုင်ရှိပါတယ် …
အသံက ၁၀ မိနစ်လောက်ကြာတယ်လို့ ပြောပါတယ် …
ကျွန်တော်လည်း သူ့ဆီက ဖိုင်ကို လိုချင်ပါတယ် …
၁၀ မိနစ်လောက်ဆိုတော့ သေသေချာချာနားထောင်သုံးသပ်လို့ရနိုင်ပါတယ် …
ခက်တာက ကျွန်တော်လည်း အဲဒီအသိနဲ့မတွေ့တော့ဘူး …
အင်တာနက်မှာလည်း မူရင်းအသံဖိုင် လုံးဝရှာလို့မရဘူး ….
ကျွန်တော်ကြိုးစာရှာကြည့်ပေမယ့်လည်း အခုကျွန်တော်ပို့တဲ့ဟာလိုမျိုး အသံဖိုင်
အတိုပဲရှာလို့ရပါတယ် ၊ အသံဖိုင် အရှည်များ ရှာလို့ရရင် ပြန်ဝေမျှကြပါဦး …

အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ် …
၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် …
အသံတွေကတော့ လုံးထွေးနေပါတယ် … နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ် …
အမျိုးသမီးအော်ဟစ်နေတဲ့အသံကိုတော့ တစ်ချက်တစ်ချက်ကြားရပါတယ် …
ပြီးတော့ အသံဟိန်းဟိန်းနဲ့ ရယ်နေတဲ့အသံကိုလည်း ကြားရပါတယ် ..
ကျွန်တော်ကတော့ အဲဒီ ရယ်နေတဲ့အသံကို ငရဲသား က ရယ်နေတယ်လို့ထင်တာပဲ …




http://www.zuzuaung.info/ မှ ကူးယူတင်ပြသည် ။

ဒေါသကို ထိန်းချုပ်နည်း


လူတိုင်းကတော့ ဒေါသထွက်လာတဲ့အခါ ပစ္စည်းတွေကို လွှင့်ပစ်တာ၊ ရိုက်ခွဲတာ ဒါမှမဟုတ် တခြားသူကို နာကျင်အောင် ရိုက်နှက် ကန်ကျောက်တာတွေ

 လုပ်ချင်လာ တတ်ကြပါတယ်။ ဒါပေမဲ့ အများစုက ဒီလို မလုပ်ဖြစ်ကြပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ရင့်ကျက်မှုရဲ့ လက္ခဏာတစ်ရပ်ပါ။

ဒေါသအလျောက် လုပ်လိုက်တဲ့အရာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်ပြီး ဒေါသကြီးခြင်းကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါပေမဲ့ သင်ဟာဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားတတ်တယ်ဆိုရင် အောက်ပါ အကြံပြုချက်တွေက နောက်တစ်ကြိမ်

သင်ဒေါသထွက်တဲ့အခါ ဒေါသကို ထိန်းချုပ်နိုင်ပြီး သင့်ကိုယ်သင် စိတ်ဓာတ်တည်ငြိမ်အောင်၊ အေးဆေးအောင်နဲ့ အာရုံပြန်စုပြီး ပြန်စဉ်းစားနိုင်အောင် ကူညီပါလိမ့်မယ်။


ဒေါသထွက်စရာ အခြေအနေမှ ရှောင်ထွက်ပါ

သင်ဟာပစ္စည်းတွေကို ကိုင်ပေါက်ချင်လာတဲ့အထိ၊ သင်ဒေါသထွက်နေသူကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ချင်လာတဲ့အထိ ဒေါသထွက်နေရင် အဲဒီအခြေအနေမှ

သင့်ကိုယ်သင် ရှောင်ထွက်ပါ။ တချို့လူတွေကတော့ ဒေါသထွက်စရာ အခြေအနေမှ စိတ်ပိုင်းဆိုင်ရာ ရှောင်ထွက်တာမျိုး လုပ်ကြပါတယ်။ ဥပမာ စိတ်မတည်ငြိမ်ခင်

၁ မှ ၁၀ ဒါမှမဟုတ် ၂၀၊ ၃၀ အထိ စိတ်ထဲကနေ ရေတွက်နေတာမျိုးပါ။ ဒီလောက်နဲ့ မရရင်တော့ ရုပ်ပိုင်းဆိုင်ရာပါ ရှောင်ထွက်မှ ဖြစ်ပါမယ်။ အဲဒီနေရာမှ လူကိုယ်တိုင်

ထွက်လာခဲ့ပါ။ သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေအထိ မဖြစ်ခင် ရှောင်ထွက်တဲ့နည်းကို သုံးတာ အကောင်းဆုံးပါ။


ကာယလှုပ်ရှားမှု လုပ်ပါ

သင်ဟာ ဒေါသထွက်စရာ အခြေအနေမှ ရှောင်ထွက်လာခဲ့ပြီးနောက်မှာလည်း သင့်စိတ်တွေ မတည်ငြိမ်သေးဘဲ ဒေါသထွက်နေနိုင်ပါသေးတယ်။ သင့်ဒေါသတွေကို

ကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖွင့်ထုတ်လိုက်ပါ။ အားကစားခန်းမကို သွားပြီး ပြေးစက်ပေါ်မှာ ပြေးတာ၊ လက်ဝှေ့ထိုးလေ့ကျင့်တာ၊ ယောဂကျင့်သင်တန်းမှာ သွားပြီး

ဒေါသပြေတဲ့အထိ ယောဂကျင့်စဉ်ကျင့်တာ၊ သင့်စိတ်ထဲမှာ ရှိတာတွေအားလုံးကို စာရွက်ပေါ်မှာ ရေးချတာ၊ ဂီတာတီးတာ စသဖြင့် သင့်အတွက်

အဆင်ပြေမယ့်အရာတစ်ခုခုကို လုပ်ဆောင်ပါ။ ဒီလိုတစ်ခုခုလုပ်ပြီးတဲ့အခါ သင်ဟာ ခိုင်မာတဲ့ ရလဒ်ကို မြင်ရပါမယ်။ သင့်ကို အန္တရာယ် ရှိတဲ့ ရန်ပွဲထဲကိုရောက်အောင်

 ဆွဲခေါ်သွားနိုင်တဲ့ ဒေါသစွမ်းအင်တွေကို သင်က မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။


ကြိုတင်ကာကွယ်ပါ

လူအများစုမှာ သူတို့ကို ဒေါသထွက်စေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ လူတွေ ရှိတတ်ကြပြီး ဒါကို ခြေရာခံကြည့်နိုင်ပါတယ်။ သင့်ကို ဒေါသထွက်စေနိုင်တဲ့

တချို့လူတွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေကို နားလည်ထားရင် ဒေါသထွက်စရာ အခြေအနေမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။ ဒေါသထွက်ရတဲ့ အခြေအနေ

မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တာကို ကာကွယ်ထားပါ။ သင်မကြိုက်တဲ့အရာတွေကို ကြိုတင်ပြောပြထားတာ၊ သင့်ကို ဒေါသထွက်စေနိုင်တဲ့လူတွေ၊ အကြောင်းအရာတွေ၊

 အဖြစ်အပျက်တွေကို ရှောင်ကြဉ်တာတွေဟာ ကောင်းမွန်တဲ့ နည်းလမ်းတွေပါ။

ဒေါသနည်းလို့ စိတ်နှလုံးရွင်လန်းချမ်းမြေ့ကြပါစေ...။

http://chocolatemyotaw.ning.com မှ ကူးယူတင်ပြသည် ။

Tuesday, February 22, 2011

GSM , CDMA နဲ့ အွန်လိုင်း chat မိတ်ဆွေများအတွက် short message service (SMS) သင်္ကေတတွေပါ။

All the Best :atb (သိပ်ကောင်းတယ်)

Angel :angel (နတ်သမီးလေး)

Angry :angry (စိတ်ဆိုးတယ်)

Applause :clap (အားပေးပါတယ်)

Bath :bath (ရေချိုးနေတယ်)

Blushin...g :blush (မျက်နှာနီအောင်ရှက်တယ်)

Call me :callme (ဆက်သွယ်ပါ)

Cool :cool (အေးအေးဆေးဆေးပါ)

Crying :waa (ငိုနေတယ်)

Day Dreaming :dream (နေ.လည်ခင်းအိပ်မက်)

Dislike :naa (မကြိုက်ပါ)

Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်)

Game :game (ကစားမယ်)

Ghoting :ghoting (စဉ်းစားနေတယ်)

Good Morning :gm (ကောင်းသောနံနက်ခင်းပါ)

Good night :gn (ကောင်းသောညပါ)

Heart :heart (အချစ်)

Hi :hi (နှုတ်ဆက်တယ်)

Hai :hai (နှုတ်ဆက်တယ်)

Hug :hug (ပွေ.ဖက်မယ်)

I am Mad :mad (ငါရူးတော့မယ်)

I love you :ilu (မင်းကိုချစ်တယ်)

I miss you :imu (မင်းကိုသတိယနေတယ်)

Idea :idea (အကြံရပြီ)

Kissing :kiss (နမ်းမယ်)

Laughing :ha (ရီရတယ်)

Laughing :haha (ဟားတိုက်ရီရတယ်)

Love struck :love (ချစ်ကြောင်းပြောမယ်)

Mess :mess (စားမယ်)

Movie :movie (တီးထည့်လိုက်ရမလား)

News :news (သတင်း)

No :no (မ_ဘူး)

Not talking :calm (မပြောဘူး)

Now :now (ယခု)

On Phone :call (Ph နှင့်ပြောမယ်)

Pray :pray (ဆုတောင်းနေတယ်)

Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်)

Secret/Silent :shh (တိတ်တိတ်နေ)

Shut Up :shutup (ပါးစပ်ပိတ်ထားပါ)

Sleep :sleep (အိပ်နေတယ်)

Sleepy :zz (အိပ်ချင်ပြီ)

Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)

Sorry :sry (၀မ်းနည်းပါတယ်)

Stop shouting :stop (နားပိတ်ထားတယ်)

Surprised :oh (အံသြတယ်)

Take care :tc (ဂရုစိုက်ပါ)

Thanks :thanx (ကျေးဇူးတင်ပါတယ်)

Wait :wait (ခဏစောင့်ပေးပါ)

Waving :bye (နှုတ်ဆက်ပါတယ်)

Worried :wor (စိတ်ပူနေတယ်)

Yahooooo :yahoo ( ရှာကြည့်ပါ)

Yes :yes (ကောင်းပါပြီ)



Take Care :tc (ဂရုစိုက်ပါ)





ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ

;-) = wink = သိတယ် မဟုတ်လား

:-{ = sad face = ၀မ်းနည်းနေတယ်။

10Q = thank you = ကျေးဇူး

24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄နာရီ

brb = be right back = အခု ပြန်လာခဲ့မယ်

B4 = before = ...မတိုင်ခင်

B/C = because = ဘာဖြစ်လို့လဲဆိုတော့

afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်

asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း

cu18R = see you later = နောက်မှ တွေ့မယ်

u = you = သင်





esp = especially = အထူးသဖြင့်

18R = later = နောက်မှ

MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ

ppl = people = လူများ

FYI =

for your information = မင်းရဲ့ သတင်းအတွက်

IH8U = I hate you = မင်းကိုမုန်းတယ်

wtg = way to go = သွားဖို့ နည်းလမ်း

wtrdo'n = what are you doing = ဘာလုပ်နေလဲ

wuteva = what ever = ဘာပဲဖြစ်ဖြစ်

wuz = was = N/A

xcuz = excuse = ခွင့်ပြုပါ

whoz = who is = ဘယ်သူရဲ့

xqzme =

excuse me = င့ါကို ခွင့်ပြုပါ

xlnt = excellent = အကောင်းဆုံး

yw = you are welcome = ကြိုဆိုပါတယ်

yvw = you are very welcome = ကြိုဆိုပါတယ်

yt = you there = မင်းဒီမှာ လား

yrs = years = နှစ်များ

ya =

yes = ဟုတ်ကဲ့

uno = you know = မင်းသိတယ်

U/I = upload = file ကို web ပေါ်တင်ခြင်း

da = the = N/A

hw = home work = အိမ်စာ

d/l = download = web ပေါ်မှ file ကို ရယူသည်

duz = does = N/A

့h/o = hold ōn = ဆက်လုပ်

h8 = hate = မုန်းတယ်

goin = going = သွားခြင်း

goz = go to = သွားရန်

gn = good night = မင်္ဂလာညပါ

duz = does = N/A

duznt =

doesn't = N/A

e1 = everyone = လူတိုင်း

ez = easy = အလွယ်လေး

fu = follow up = နောက်ဆက်တွဲ

gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ

gimme = give me = ပေးပါ

gi = good job = အလုပ်ကောင်း

8 = ate = စားသည်

BB = bye bye = တာ့တာ

KK = ōK = အိုကေ

obtw = oh..by the way = ဒါနဲ့ ..စကားမစပ်

lol = laugh out loud = ရယ်လိုက်ရတာ

BRB = be right back = ပြန်လာခဲ့ပါ

coz = cause = အကြောင်းက

noob = = လူသစ်

m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ

joo = ဗန်းစကားပြောခြင်း

IMHO = In my honest ōpinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက

b4k4 = တစ်ကိုယ်ကောင်းဆန်သူ

gg = good game = ပွဲကြီးပွဲကောင်း

pron = porn ကို ကျော်သည်

pwn = လွှမ်းမိုးခြင်း

ub3r = ကျော်လွှားရယူသည်

woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု...

ull = you'll = N/A

uno? = you know? = မင်းသိလား

ur =

you are = မင်းဟာ...

v v = vice vesa = အပြန်အလှန်အားဖြင့်

w8 = wait = စောင့်ပါ

w/ = with = ..နှင့်..

w/e = whatever = ဘာပဲဖြစ်ဖြစ်

w-end = weekend = နောက်ဆုံးရက်သတ္တပတ်

w/o = without = မပါဘဲ

wazzup = what up? = ဘာဖြစ်တာလဲ

wanna = want to = ဆန္ဒရှိတယ်

wb =

welcomeback = ပြန်လာတာ ကြိုဆိုပါတယ်

ltnc = long time no see = မတွေ့တာကြာပြီ

u'd = you had = N/A

wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ

wru = who are you? = မင်းဘယ်သူလဲ

Ruok = are you ok? = အဆင်ပြေလား

PAW = parents are watching = မိဘတွေ ကြည့်နေတယ်

OIC = oh, I see = ငါသိပြီ

NP = no problem = ပြဿနာမရှိ

NO1 =

no ōne = ဘယ်သူမျှ

NE1 = anyone = လူတစ်ယောက်မျှ

NE = any = N/A

Lv = love = အချစ်

>^,,^< = cat = ကြောင်

CYA = see ya = တွေ့မယ်လေ

%-) = confused = ...

:-> = hay = (အော်..ခေါ်တဲ့အသံ)

:-& = hmm = ဟမ်!

#:-o = oh! no = အို..ဟင့်အင်း

{ } = no comment = ထင်မြင်ချက် မပေး

: - x = tongue-tied = ပါးစပ်ချုပ်ထားတယ်

: - # = my lips are sealed = ပါးစပ် ကော်ကပ်ထားတယ်

:- e = dissapointed = အားငယ်တယ်

:- (*) = sick comment = ဖျားနာနေတယ်

:^D" = great! I like it = ကောင်းတယ် ကြိုက်တယ်

:-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း

:-@ = screaming = အလွန်

(:-) = blad = ထိပ်ပြောင်ပြောင်နဲ့

:-&& = angry = ဒေါသဖြစ်တယ်

<3 you = ချစ်တယ်

(:-...= broken = အသည်းကွဲနေတယ်

@}...,..=rose=နှင်းဆီသင်္ကေတ

:-v=talking=စကားပြောလေ

:-(o)=shouting =

အော်နေတယ်

>:-( = very angry=အရမ်းစိတ်ဆိုးတယ်

&-& = sleeping = အိပ်ပျော်နေတယ်

gt8 = great = ခမ်းနားတယ်

hb = hurry back = အမြန်ပြန်ခဲ့

hud = how you doing? = ဘယ်လို လုပ်တာလဲ

ibyp = I beg your pardon = တောင်းပန်ပါတယ်

idk = I don't know = ငါမသိဘူး

Ilu = I love you = မင်းကိုချစ်တယ်

gonna=going to= သွားတော့မလို့...

gl=good luck=ကံကောင်းပါစေ

gm=good morning=မင်္ဂလာနံနက်ခင်း

ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်

tgif=thank god it's friday = -

w8ing=waiting =

စောင့်စိုင်းခြင်း

piss-->=piss ōff= ထွက်သွား

runu?=Are you nuts?= မင်းရူးနေလား

BCNU=be seeing you= တွေ့ရတာ

B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု

P2P=peer to peer= P2P connection

g2g=google to

guy= google မှ မှာကြားမှု

gtg=got to go= သွားလို့ရပြီ

GR8=great= ကြီးကျယ်ခမ်းနားတယ်

g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး

IYQ=I Like you= မင်းကို နှစ်သက်တယ်

HQ=hate= မုန်းတယ်

HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ

sos=save our doul =ကယ်ပါ

soz=sorry= ၀မ်းနည်းပါတယ်

DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား

f2T=free to talk = လွတ်လွတ်လပ်လပ်ပေါ့

k=okay= အိုကေ

Pls=please= ကျေးဇူးပြု၍

asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ

%-}=intoxicated= ထိန်းမနိုင် သိမ်းမရပါလား

&-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ





=&:-) = uncle sam = အမေရိကန် သင်္ကေတ

@:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား

MM = Myanmar = မြန်မာသင်္ကေတ

<:-& = Monk/Nun = ဘုန်းကြီး

<&-) = chinese = တရုတ်သင်္ကေတ

:-{) = with a moustache = နှုတ်ခမ်းမွေးကြီးနဲ့

:-{} = lip strick = နှုတ်ခမ်းနီ

:-? = smoking a pipe = ဆေးတံသောက်နေတယ်

:-)))) = a person with multiple chins = မေးအထပ်ထပ်နဲ့လူ (အတ္တကြီးတဲ့လူ)

£$£:-) = I m rich! = လူချမ်းသာ

}:-(= = dracula = သွေးစုပ်ဖုတ်ကောင်

B-) = sunglasses = နေကာမျက်မှန်များ

B:-) =

sunglasses on head = မျက်မှန်ခေါင်းပေါ်တင်ထားတယ်

o&&o = cock = မအား

('}{') = kissing lovers = ချစ်သူတွေအနမ်း

:* = kiss = အနမ်း

:o* = kiss = အနမ်း

:x = secret's safe = လျှို့ဝှက်ချက်ရှိတယ်

o:- = Angel = နတ်သမီး

:*)? = Are you drunk? = သောက်ထားလား

:-ozz zz ZZ = bored or tired = ပျင်းနေလား၊ မောပန်းနေလား

}):(} = butterfly = လိပ်ပြာ သင်္ကေတ

e=:-) = chef = လူကြီး

>:-) = devil = နတ်ဆိုး

};-)> = devil = နတ်ဆိုး

9) = taog = N/A

5:-) = prestey = ပရက်စလေ

@:-) = presley = ပရက်စလေ (အဆိုတော် ပရက်စလေ၏ သင်္ကေတ)

:-% = get lost = ရှုံးခဲ့ပြီ

:-]= =goofy = ကြောင်တောင်တောင်ပဲ

:-s = not making sense = အာရုံမရှိ

(-.-)Zzz = Sleep = အိပ်ပျော်နေတယ်

:***~) = wearing body glitter = ကိုယ်ရောင်ကိုယ်ဝါ ထွက်နေပါလား

:'-) = crying = ငိုမိတယ်

:-{} = wearing lipstick = နှုတ်ခမ်းနီ ဆိုးထားတယ်

8(:-) = Mickey Mouse = ကြွက်

:-p = naughty = လူဆိုးလေး (စနောက်ခြင်း)

=^) = open minded = ကျယ်ပြန့်တယ်

:@) = pig = ၀က်

(8-) = Alternative! = ဟော့ရှော့

^(00)^ = spider = ပင့်ကူ

(:::[]:::) = plaster = ပလာစတာ

9) = frog = ဖား

GSM , CDMA နဲ့ အွန်လိုင်း chat မိတ်ဆွေများအတွက် short message service (SMS) သင်္ကေတတွေပါ။

Forward မေးလ်ထဲမှ ပြန်လည်မျှဝေပေးသည်။

Monday, February 7, 2011

မိတ်ဆွေဆိုသည်မှာ

ယနေ့ခေတ်ကာလဝေါဟာရမှာ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မိတ်ဆွေ အဆွေဟူသော စကားဟာ
ပါဠိဝေါဟာရ " မိတ္တ "
ဟူသောစကားမှ ဆင်းသက်လာသောစကားဖြစ်ပါတယ် ။ မိတ္တရဲ့အဓိပ္ပာယ်ကတော့
တကယ်စစ်မှန်သော အချစ်စိတ်
ဖြင့် ပေါင်းသင်းဆက်ဆံပြောဆိုသူလို့ အဓိပ္ပာယ်ရပါတယ် ။ ဤမိတ္တရဲ့
အနက်အဓိပ္ပာယ်အရ မိတ်ဆွေဆိုရာမှာ ချစ်ယောင်
ဆောင်သူ ၊ အကျိုးလိုလားဟန်ဆောင်သူ ၊ ကိုယ်ကျိုးရှိမှုကိုသာ ပဓာနထားပြီး
ဆောင်ရွက်သူ ၊ ပေါင်းသင်းသူများကို
မိတ်ဆွေဟူ၍ မုချမဆိုနိုင်ပါဘူး ။
ထိုသူများသည် ဟန်ဆောင်မိတ်ဆွေတုများလို့သာ ခေါ်ဆိုရပါမယ် ။ မြန်မာစကားပုံ
ဆိုရိုးစကားမှာ " ဟန်ဆောင်သော
မိတ်ဆွေသည် ရန်သူထက်ဆိုးရွားသည် " လို့ ဆိုထားသည့်အတိုင်း
ဟန်ဆောင်ချစ်ခင် ပေါင်းသင်းဆက်ဆံ ပြောဆို
တတ်သောသူသည် ရန်သူထက်ပင် ဆိုးရွားလှပါတယ် ။

" လူယုံသတ်လျှင် သေတတ် " ဟုဆိုသော ဆိုရိုးစကားသည် ချစ်ဟန်ဆောင်တတ်သော
မိတ်ဆွေတု ၊ မိတ်ဆွေယောင်
များ အတွက် သတိပေးထားသော စကားပုံဖြစ်ပါသည် ။
မြတ်စွာဘုရားရှင်က ဓမ္မပဒ ၊ နာဂ၀ဂ် ၊ မာရ၀တ္ထုမှာ ---
ချမ်းသာစစ် ချမ်းသာမှန်ကို အမှန်တကယ်လိုလားသော
အမျိုးကောင်းသားသမီးတို့အတွက် ချမ်းသာစစ်မှန် နည်းလမ်း
မှန်ကို လမ်းညွှန်ဟောကြားထားခဲ့ပါတယ် ။


၁ ။ အဆွေခင်ပွန်းကောင်းရှိခြင်းသည် အရေးကိစ္စပေါ်ပေါက်လာသောအခါ ချမ်းသာ၏ ။
၂ ။ ရသမျှ ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏ ။
၃ ။ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏ ။
၎ ။ အလုံးစုံသော ဆင်းရဲဒုက္ခကို ပယ်ခြင်းသည် ချမ်းသာ၏ ။
၅ ။ လောက၌ အမိကိုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၆ ။ လောက၌ အဖကို လုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၇ ။ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၈ ။ မကောင်းမှုမှအပ ပြုပြီးသောဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ တို့ကို
ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၉ ။ သီလတရား ရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏ ။
၁၀ ။ ပညာကို ရခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏ ။
၁၁ ။ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏ ။
၁၂ ။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏ ။



ဤချမ်းသာခြင်း ( ၁၂ ) ချက်တွင် မိတ်ဆွေကောင်းရှိခြင်းသည်
ချမ်းသာခြင်း၏အကြောင်းကို ( ၁ ) နံပါတ်က ဖော်ပြ
ဟောကြားထားတာကို တွေ့ရပါမယ် ။
အလားတူပဲ ၊ လောကီ ၊ လောကုတ္တရာ ကြီးပွားအောင် သမ္ပဒါတရားလေးပါးကို
ဟောကြားထားရာမှာ ---


၁ ။ လုံ့လ၀ိရိယ နှင့် ပြည့်စုံခြင်း ( ဥဠာနသမ္ပဒါန )
၂ ။ စောင့်ရှောက်ထိန်းသိမ်းမှုနှင့် ပြည့်စုံခြင်း ( အာရက္ခ သမ္ပဒါန )
၃ ။ အ၀င်အထွက်မျှတအောင် သုံးစွဲခြင်း ( သမဇီဝိတသမ္ပဒါန )
၎ ။ မိတ်ကောင်းဆွေကောင်းရှိခြင်း ( ကလျာဏမိတ္တသမ္ပဒါန )
လို့ ( ၄ ) မျိုးဟောထားရာမှာလည်း မိတ်ကောင်းဆွေကောင်းဆိုသောအချက်
ပါဝင်နေတာကို တွေ့ရပါတယ် ။



သုတ်ပါထေယျ ၊ သိင်္ဂါလောဝါဒသုတ်မှာလည်း မိတ်ဆွေကျင့်ဝတ် ( ၅ ) မျိုးကို
ဖော်ပြထားတာကိုတွေ့ရပါတယ် ။
လောက၌မိတ်ကောင်းဆွေကောင်းသည် ဤကျင့်ဝတ် ( ၅ ) မျိုးကိုကျင့်သုံးလိုက်နာ
ဆောင်ရွက်ရမည်လို့ ဆိုပါတယ် ။



၁ ။ ပေးကမ်းချီးမြှင့်ရမယ် ။
၂ ။ ကိုယ်ချင်းစာစိတ် ထားရှိရမည် ။
၃ ။ စီးပွားရေးကို ကူညီဆောင်ရွက်ပေးရမည် ။
၎ ။ စကားပြောဆိုရာ၌ ချိုသာမှု ရှိရမည် ။
၅ ။ သစ္စာစောင့်သိမှု ရှိရမည် ။



သတ္တင်္ဂုတ္တရ ပါဠိတော်မှာလည်း မိတ်ဆွေကောင်းတို့၌ ရှိထားရမည့်
ကိုယ်ကျင့်တရား ( ၇ ) ပါးကို ဖော်ပြထားတာကို
တွေ့ရပါတယ် ။


၁ ။ ပေးနိုင်ခက်သော ပစ္စည်းဝတ္ထုကို ပေး၏ ။
၂ ။ ပြုနိုင်ခက်သော ၀တ္တရားကို ပြုပေး၏ ။
၃ ။ အလွန်အမင်း သည်းခံပေး၏ ။
၎ ။ လျှို့ဝှက်အပ်သော အမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏ ။
၅ ။ လျှို့ဝှက်ထားသောအမှုကို မပေါ်အောင် လျှို့ဝှက်ထားပေး၏ ။
၆ ။ ဘေးရန်ကြုံသောအခါတို့၌ စွန့်ပစ်မထားခဲ့ ။
၇ ။ ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင် မပြု ။

Myanmar in singapore ဆိုဒ်မှာ The Crow's post  ကို ကူးယူတင်ပြသည်