Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Saturday, November 12, 2011

စိတ်နှလုံး ရွှင်လန်းစေဖို့

* ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျစိုက်နေဖို့ မလိုဘူး ။

* ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး ။

* ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိုင်တယ် ။

* သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ ဖော်ပြတာနဲ့ တူတယ် ။

* တကယ် ကြီးကျယ်တဲ့ ၊ထိရောက်တဲ့ ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံး ရတဲ့ အလုပ် ၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီးသုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့ မသင့်ဘူး ။

* ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး ။

* စိတ်ဓါတ်ကျသွားရင် စိတ်အိုသွားတယ် ။

* သတိနဲ့ နေတဲ့ စိတ်ဟာ ဘယ်တော့မှ မအိုဘူး။

* ငွေကလွဲလို့ တခြားဘာမှ မရတဲ့ အလုပ်ကို လုပ်တာဟာ ဘဝကို ရောင်းစားတာနဲ့ တူတယ် ။

* ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖော်ပြနိုင်ရမယ် ။

ဆရာတော် ဦးဇော်တိက ( စိတ်နှလုံး ရွှင်လန်းစေဖို့ ) စာအုပ်မျာ ကောက်နှုတ်သည် ။

Saturday, May 14, 2011

ငါအိုသွားသောအခါ


  • ငါအိုသွားသောအခါ ငါက အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  •  ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ် ဖိတ်စင်သွားတဲ့ အခါ၊ အကျီ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့ အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
  • အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့ အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီး ဆယ်ဘွဲ့တွေ စတဲံ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ် ခဲ့တာတွေကို သတိရပေးပါ။

Thursday, February 10, 2011

ငါ

ငါပြောမှမှန်၊ ငါကြံမှဟုတ်
ငါ့ကိုယ်ငါ ငါပွဲထုတ်
ငါစွဲသရုပ်။

ငါပြင်မှယဉ်၊ ငါဆင်မှလှ
ငါ့ကိုယ်ငါ ငါအားကျ
ငါစွဲအတ္တ။                                                                                            

ငါထင်ရာ ငါတကောရယ်နဲ့
ငါ့သဘော ငါ့အမြင်
ငါသာလျှင် စင်းလုံးချော
ငါ့အပြော သဲလဲစင်
ငါ့ကိုယ်ငါ ရှေ့တန်းတင်
ငါ့ကိုယ်လျှင် ငါတင်စား
ငါတကားရယ်နဲ့
ငါ့အမှား ငါမမြင်တဲ့
ငါ့အသွင် အရှက်ကင်းတယ်
သိမ်ဖျဉ်းဘိတကား..။ ။

စစ်ပြန် မဂ္ဂဇင်းထဲကပါ။ စာရေးသူကိုတော့ မသိပါဘူး..။