နို့စို့အရွယ် ကလေးငယ်များတွင် မှက္ခရုနာ ဖြစ်ခဲ့သော်----
ဆီးဖြူသီး (အလုံးအသေးစား) ဆယ်လုံးကို မီးကျွမ်းသွားအောင် ဖုတ်ရမည်။
(ဆီးဖြူသီးအခြောက်ဆိုလျှင် ပိုကောင်းသည်)
မီးဖုတ်ပြီး မည်းနက်သွားလျှင် (သို့မဟုတ်) မီးကျွမ်းသွား၍ ပြာဖြစ်သွားလျှင် အမှုန့်ရအောင် ကြိတ်ပါ။
၎င်းပြာမှုန့်ကို မြေပဲဆီ သန့်သန့် သင့်တော်ရုံနှင့် မပျစ်မကျဲ ရောစပ်၍
မှက္ခရုဖြစ်နေသော နေရာကို မကြာမကြာ တို့ပေးရမည်။
နှစ်ရက် သုံးရက်အတွင်းမှာ ချပ်သွားပါလိမ့်မည်။
ပါးစပ်ထဲသို့ ဝင်၍လည်း ဘေးဥပါဒ် မဖြစ်စေတတ်ပါ။
မှတ်ချက်။
ရှေးခေတ် ပညာရှင်ကြီးတချို့က မိုးဦး လေဦး နှင့် မိုးရွာသွန်းမှုများသောအခါ၌ သီးသော ဆီးဖြူသီး အသေးစားကို သာမန်ဆီးဖြူသီးဟု ခေါ်ကြသည်။
မိုးလေဝသ ကင်းစင်လာသော သီတင်းကျွတ်လပြည့်မှ နောက်နောက်ပိုင်း ရာသီဥတု သာယာသောအချိန်၌ သီးသော ဆီးဖြူသီးအသေးစားကို သျှိသျှားသီးဟုလည်း ခေါ်ဆိုကြသည်။
ဦးခင်မောင်ကျော်(ဘီးလင်း)
http://www.mawluu.com/ မှ ကူးယူတင်ပြသည်။
No comments:
Post a Comment