Thursday, July 28, 2011

ကွန်ပြူတာဂိမ်းများသည် အရိုးနှင့် ပတ်သတ်သော ရောဂါအတော်များများကို ဖြစ်စေ


ဂိမ်းများကို အလွန်အကျွံစွဲလမ်းသော နည်းပညာခေတ်၏ ကလေးငယ်များ၏ အများဆုံးရင်ဆိုင်ကြုံတွေ့ လာရမည် မှာ ဗီတာမင်ဒီချို့ တဲ့မှုကြောင့် အရိုးများသန်မာမှုကျဆင်းလာပြီး ကင်ဆာနှင့် ချဉ်ဆီအားနည်း ခြင်းများကြုံ တွေ့ လာမည်ဖြစ်သည် ဟု ဗြိတိန်နိုင်ငံ ဆောက်သန်တမ် ကျန်းမာရေးလေ့လာသူများက  ပြောကြားခဲ့ကြသည်။




ပြင်ပပတ်ဝန်းကျင် နှင့် ဆက်စပ်သောအားကစားများတွင် ပါဝင်မှု မရှိဘဲ အိမ်တွင်းအောင်း ဂိမ်းကစားကြသော ကလေးငယ်များ အထူးသဖြင့် ခန္ဓာကိုယ်ဖွံဖြိုးမှူ လိုအပ်သာ အသက် ၁၀နှစ်ကျော် များတွင် ကျောရိုးဆစ်ပျော့သော ရောဂါများမှတစ်ဆင့်အာရုံကြောအားနည်းခြင်း၊ လုံလောက်သော နေရောင်မရှိမှု ကြောင့် ထင်ရှားသော ရောဂါများသည် အရေပြားကင်ဆာ၊ ရင်ကျပ်ရောဂါ၊ သွေးကင်ဆာ၊ နှင့် ခြေမခိုင်သော ဒူးဆစ်များကိုက်ခဲ သော အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားမှုနှန်းများ တိုးမြင့် လာကြကြောင်း လေ့လာမှုများအရ သိရှိနေရသည်။





ကာကွယ်မှုများအဖြစ်  ကလေးငယ်များကို ကွန်ပြူတာ အလွန်အကျွံသုံးစွဲမှုများကို တားမြစ်ပြီး အိမ်မှကျောင်းသို့ လမ်းလျှောက်သွားတတ်သော အလေ့အကျင့်များ ပြုလုပ်ပေးခြင်း အားလပ်ချိန်များတွင် နေရောင်ခြည်ကောင်းမွန်စွာရရှိသော ကစားကွင်းများတွင် ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးသည့် အားကစားများကို ကစားစေခြင်း၊ ကယ်လ်ဆီယံ ဖြည့်စွက် အစားအစာများ ပိုမိုစားသုံးစေခြင်းနှင့် ကယ်လ်ဆီယံကြွယ်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့်များကို ပြုလုပ်ပေးရမည် ဖြစ်သည်။





ရာသီဥတု အေးမြချိန်များတွင် တစ်နေရာထဲတွင် ရှည်ကြာစွာ ထိုင်၍ လုပ်ကိုင်ရသော နေထိုင်မှု ပုံစံများကို အုပ်ထိန်းသူများက စောင့်ကြည့်၍ သင့်တော်သလို လှုပ်ရှားမှု ရှိစေရန် အလုပ်တာဝန်များ ပေးခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်စေခြင်း၊ မိဘများကိုယ်တိုင်ကလည်း ရုပ်မြင်သံကြား တီဗွီများ ရှေ့တွင်သာ အဟာရမရှိသော အရံသင့်အစားအသောက်များ စားသောက်၍ သားသမီးများနှင့် အချိန်ကုန်ဆုံးသည်ထက် မိသားစုဝင် အားလုံး ပါဝင်ပူးပေါင်းနိုင်သည့် အစားအသောက်များ ကစားနည်းများ ဖန်တီး၍ ကျန်းမာရေး စောင့်ရှောက်မှုကို အထောက်အကူပြုသော နေထိုင်မှု ပုံစံသစ်ကို ဖန်တီးသင့်ပေသည်။   

 http://www.mmdailynews.com/viewnews.php?id=284 မှ ကူးယူတင်ပြသည် ။

No comments:

Post a Comment