Saturday, January 29, 2011

မြတ်ဗုဒ္ဓ၏ လက္ခဏာတော်ကြီး (၃၂)ပါး


(၁) သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော် -ကောင်းစွာတည်ရှိသောခြေတော်ရှိခြင်း၊



(၂) စက္ကေနင်္ကီတပါဒတာ လက္ခဏာတော် -အမှတ်တံဆိပ်ခပ်နှိပ်အပ်သောခြေတော်ရှိခြင်း၊



(၃) ဒီဃပဏှိတာ လက္ခဏာတော် -ရှည်သောဖနောင့်တော်ရှိခြင်း၊



(၄) အာယတင်္ဂုလိတာ လက္ခဏာတော် -ရှည်သွယ်သော လက်ချောင်းတော်ရှိခြင်း၊



(၅) ဗြဟ္မုဇုဂတ္တတာ လက္ခဏာတော် -ဗြဟ္မာမင်းလို ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း၊



(၆) သတ္တုဿဒတာ လက္ခဏာတော် -လက်ဖမိုးတော် ၂-ဘက်၊ ခြေဖမိုးတော် ၂-ဘက် ပခုံးတော် ၂-ဘက် လည်ကုတ်တော်အားဖြင့် ၇-ပါးသောအရပ် တို့၌ ပြည့်ဖြိုးသောအသားတော်ရှိခြင်း၊



(၇) မုဒုတလုဏဟတ္တပါဒတာလက္ခဏာတော် -ပျိုသော နုညံ့သောလက်တော်ခြေတော်ရှိခြင်း၊



(၈) ဇာလဟတ္ထပါဒတာ လက္ခဏာတော် -ဇာကွန်ယက်ပမာ ညီစွာတည်သော လက်ချောင်းခြေချောင်း တော်ရှိခြင်း၊



(၉) ဥဿင်္ခပါဒတာ လက္ခဏာတော် -အောက်သို့မသက် အထက်တက်သည့် ဖမျက်အနေခြေတော်ရှိခြင်း၊



(၁၀) ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော် -ရှေ့မျက်နှာတော်ဖူးမျှော်လိုဘိ မော်၍ကြည့်သို့ အဖျားလှည့်မော် မွေးညှင်းတော်ရှိခြင်း၊



(၁၁) ဧဏီဇင်္ဃတာ လက္ခဏာတော် -ဧဏီမည်သောသားကောင်၏ သလုံးအသွင် အစဉ်အဆက် လုံး၍ တက်သောခြေသလုံး တော်ရှိခြင်း၊



(၁၂) သုခုမစ္ဆ၀ိတာလက္ခဏာတော် -နုညံ့သိမ်မွေ့သောအသားအရေတော်ရှိခြင်း၊



(၁၃) သုဝဏ္ဏ၀ဏ္ဏတာလက္ခဏာတော် -၀င်းဝါသောအသားအရေရှိတော်မူခြင်း၊



(၁၄) ကောသောဟိတ၀တ္ထဂုယှတာလက္ခဏာတော် -ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်တော် ရှိခြင်း။



(၁၅) နိဂြောဓပရိမဏ္ဍလ လက္ခဏာတော် -၀ိုင်းဝန်းသော ပင်ညောင်ပင်ကဲ့သို့ ကိုယ်တော်နှင့်အလံ လျော်ကန်ညီညီ ၀န်းဝိုင်းတော်မူခြင်း၊



(၁၆) ဇာဏုပရာမသနလက္ခဏာတော် -ဒူးတော်ကို သုံးသပ်ကိုင်လိုတော်မူလျှင် မတ်မတ်ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို လက်တော် ၂-ဖက်ဖြင့်ထိအောင်သုံးသပ်တော်မူနိုင်ခြင်း၊



(၁၇) ၀တ္တက္ခန္ဓတာ လက္ခဏာတော်ကြီး -ရွှေမုရိုးစည်ကဲ့သို့ အညီပတ်ဝင်း လုံးသောလည်ပင်းတော်ရှိခြင်း၊



(၁၈) စိတန္တရတာ လက္ခဏာတော် - ခါးမှအထက်ပခုံးတိုင်အောင် အသားလွှာပြည့်နေသောကြောင့် ထိုလက်ပြင်၂-ဖက် ကြား၌လည်း ရွှေပျဉ်ပြားကဲ့သို့ အသားပြည့်တော်မူခြင်း။



(၁၉) သီဟဗုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် -ခြင်္သေ့မင်း၏ရှေ့ထက်ဝက်ကိုယ်ကဲ့သို့ အထက်အောက်နှစ်ဌာန၌ ပြည့်ဝသော ကိုယ်တော်ရှိခြင်း၊



(၂၀) ရသဂသဂ္ဂိတလက္ခဏာတော် -အရသာကိုဆောင် ယူနိုင်သောအကြောတို့တွင် အမြတ်ဆုံးဖြစ်သော ခုနစ်ထောင်သောအကြောတော်ရှိခြင်း၊



(၂၁) အဘိနီလနေတ္တတာ လက္ခဏာတော် -မျက်လုံးတော်သည် ညိုသင့်ရာ အရပ်ဝယ် အောက်မဲညိုပန်း နှမ်းကြတ်ပန်း အသွေးကဲ့သို့ညိုသော မျက်လုံးတော်လည်း ရှိတော်မူခြင်း၊



(၂၂) ဂေါပခုမတာ လက္ခဏာတော် -မွေးစအရွယ် နွားနီငယ်၏ တင့်တယ်ကြည်အေးမျက်လုံးကလေး သို့ မျက်မွေးစီရရီ အလွန်ကြည်သော မျက်လုံးတော်ရှိခြင်း၊



(၂၃) ဥဏှီသသီသတာလက္ခဏာတော် -သင်းကျစ်အပြား ဖွဲ့ပတ်ထားသို့ သီးခြားဆန်းထူး မဟာနဖူးကြောင့် ဖူးရ ရွှင်ပျော် လုံးသောဦးခေါင်းတော်ရှိခြင်း၊



(၂၄) ဧကေကလောမတာ လက္ခဏာတော် -မွေးတွင်း တစ်တွင်းလျှင် တစ်ပင်စီ သောအမွေးတော်ရှိခြင်း၊



(၂၅) ဥဏ္ဏလောမတာ လက္ခဏာတော် -မျက်ခုံးတော် ၂-ပါးအလယ်ကြား၌ ထူးခြား ပေါ်လွင် အလွန်ဖြူစင် သောမွေးတော်ရှင်ရှိခြင်း၊



(၂၆) သမစတ္တာလီသဒန္တတာ လက္ခဏာတော် -အမျှ လေးဆယ် လွန်တင့်တယ်သော သွားတော်ရှိခြင်း၊



(၂၇) အ၀ိရုဠတာ လက္ခဏာတော် -ရွှေပြားအပြင် ၀ရဇိန်တင်သို့ အစဉ်မကွဲ မကျဲသော သွားတော်ရှိခြင်း၊



(၂၈) ပဟူတဇိဝှတာ လက္ခဏာတော် -ရှည်လျား နုနယ် ကျယ်ပြန့်သော လျှာတော် ရှိခြင်း၊



(၂၉) ဗြဟ္မဿရတာ လက္ခဏာတော် -ဗြဟ္မာမင်း၏ အသံကဲ့သို့ သာယာနာပျော် အသံတော်ရှိသည်ကောင်း၊ အာဒေယျဝစနောစ- အများကြည်ဖြူ နာယူဖွယ် စကားတော်ရှိခြင်း၊



(၃၀) သီဟ ဟနုတာ လက္ခဏာတော် -ခြင်္သေ့မင်း၏ အောက်မေးအလား ထက်အောက်အားဖြင့် ၂-ပါးထင်ပေါ် ပြည့်ဝသော မေးတော်ရှိခြင်း၊



(၃၁) သမဒန္တတာ လက္ခဏတော် -၀ရဇိန်များ စီ၍ထားသို့ ထက်ဖျား စီရရီ ညီသော သွားတော်ရှိခြင်း၊



(၃၂) သသုက္ကဒါဌတာ လက္ခဏာတော် -သောကြာကြယ်ဝန်း ထွန်းသည့်အသွင် အလွန်ဖြူစင်သောစွယ်တော် ရှိခြင်း၊

No comments:

Post a Comment