Saturday, January 29, 2011

ကောင်းသူနဲ့ ပေါင်းပါ







* ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ် မှီဝဲပါ။

* ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူ တတ်သည်သာ။

* ပန်းမွန် မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေး တတ်သည်သာ။

* တရားကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့် မပေါင်းရာ။

* တရားပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူ ပျက်မည်သာ။

* တမာခါးသက်၊ မြစ်ရောယှက်၊ သရက် ခါးတတ်ပါ။

* ငါးပိပုပ်ထုပ်၊ ဖက်ရွက်စုတ်၊ အဟုတ် နံတတ်ပါ။

                                                     စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ဘုရားကြီး။

အဖြူရောင်  မေတ္တာ ဆိုဒ်မှ ကူးယူတင်ပြသည်

No comments:

Post a Comment