Sunday, September 18, 2011

ဗီတာမင် “ဘီ” ဓာတ်များ

ဆန်၊ စပါး၊ နို့၊ ပဲအမျိုးမျိုး၊ သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ စသည်တို့သည် ယခုခေတ် လူတိုင်းလိုလို သိရှိ သုံးစွဲနေကြသည်။ ဘီကွန်(မ်)ပလိုက်(စ်)ခေါ် ဗီတာမင်ဘီဓာတ်များ ပေါများသော အစားအစာ ဖြစ်လေသည်။

သို့သော် အထက်ဖော်ပြပါ အစားအစာ တစ်မျိုးထဲတွင် ဗီတာမင် ဘီဓာတ်များ အားလုံး ပါရှိကြသည် မဟုတ်သဖြင့် ဗီတာမင် ဘီဓာတ်များ လုံလုံလောက်လောက်နှင့် စေ့စေ့ငှငှ ရရှိရန် အထက်ပါ အစားအစာများကို

ရောနှော စားသုံးကြရပေမည်။ ဗီတာမင်ဘီဓာတ် အမျိုးပေါင်း မြောက်များစွာ ရှိကြောင်း သိရှိထားပေပြီ။ ၎င်းအပြင် ဗီတာမင် ဘီဓာတ်များသည် တစ်မျိုးနှင့်တစ်မျိုး အသုံးဝင်ရာတွင် ဆက်စပ်လျက်ရှိကြောင်း တွေ့ရသည်။


၎င်းအပြင် ထိုဗီတာမင် ဘီဓာတ်များ ကိုယ်ခန္ဓာအတွင်း အသုံးပြုပုံကို သေချာစွာ မသိကြသေးပေ။ သို့သော် ဗီတာမင် ဘီဓာတ်၊ ဗီတာမင် ဘီဓာတ်နှင့် နိုင်ယာစင်ဓာတ်များ၏ အကြောင်းကို သိသင့်သလောက် သိရှိထားကြသည်။

သိရှထားရသလောက် ဖော်ပြရမည် ဆိုလျှင် လူနှင့် တိရစ္ဆာန်များသည် ဗီတာမင် ဘီဓာတ်များ လိုအပ်ကြောင်း ဆိုသည့် အချက်ကိုသာ သိထားရသေးသည်။

ယခုအချိန်ထိ တွေ့ရှိ၊ သိရှိလာကြပြီးသော ဗီတာမင် ဘီဓာတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) သိုင်ယားမင် ခေါ် ဗီတာမင်ဘီ။

(၂) ရိုင်ဘိုဖလေဗင် ခေါ် ဗီတာမင်ဘီ။

(၃) နိုင်ယာစင် ခေါ် နီကိုတီနစ်အက်ဆစ်။

(၄) ပိုင်ရီဒေါ့စင်ဓာတ်။

(၅) ပင်တိုသီနစ် အက်ဆစ်။

(၆) ဘိုင်အိုတင်းအက်ဆစ်။

(၇) ဖိုးလစ်အက်ဆစ်ဓာတ်။

(၈) ဓတာမင်ဘီ။

(၉) ကိုလင်းဓာတ်။

(၁၀) ပဲရာအီမိုင်မိုဘင်ရီ ဘက်ဆစ်။

(၁၁) အင်နိုစီတိုလ်ဓာတ်။

သိုင်ယာမင် ခေါ် ဗီတာမင်ဘီဓာတ်

ဗီတာမင် ဘီဓာတ်သည် ကိုယ်ခန္ဓာအတွင်း ကစီဓာတ်ကို လုပ်အား အင်အားအဖြစ် ရရှိအောင် ကျေချက်ရာတွင် ပါဝင်ကူညီရသော ဓာတ်တစ်ပါး ဖြစ်သည်။ ဗီတာမင်ဘီဓာတ် လျော့နည်းနေလျှင် ကစီဓာတ်ကို ဆုံးခန်းတိုင်

မကျေချက်နိုင်တော့ပေ။ ထိုသို့ မကျေချက်နိုင်သဖြင့်၊ ကစီဓာတ်မှ အဆိပ်အတောက်များ ကျန်ရှိစုပုံကာ အာရုံကြောများနှင့် နှလုံးသားကို ထိခိုက်လာပြီး ဗယ်ရီဗယ်ရီခေါ် ထုံရှပ်နာရောဂါ ရလေတော့သည်။

ဖော်ပြပြီးခဲ့သည့်အတိုင်း အာဟာရဓာတ် ရာဇဝင်တွင် ဗယ်ရီဗယ်ရီခေါ် ထုံရှပ်နာဖြစ်ခြင်း အကြောင်းတရားများကို သုတေသီများ စတင် စုံစမ်းရာမှ ဗီတာမင် ဘီဓာတ်ကို တွေ့ရှိလာကြခြင်း ဖြစ်ပေသည်။

ထိုစဉ်အခါက ထုံရှပ်နာသည် ဆန်ဖြူ စားသုံးသော တိုင်းပြည်များတွင် အထူး ပေါများကြောင်း တွေ့ရပေသည်။ ရှေးဦးစွာ ဗီတာမင်ဘီဓာတ် ချို့တဲ့လာလျှင် အစားအသောက် ပျက်လာတတ်ပြီး၊

နှလုံးအားနည်းခြင်းများ ဖြစ်လာပြီး အချိန်မီ ဗီတာမင်ဘီဓာတ် မဖြည့်တင်းလျှင် ထုံရှပ်နာရောဂါ အသွင်သို့ ရောက်သွားနိုင်သည်။

ထုံရှပ်နာရောဂါ (ခေါ်) ထုံနာကျင်နာရောဂါ

ဤရောဂါမှာ အသွင်နှစ်မျိုး ဆောင်သည်။ ပထမအမျိုးမှာ ဖောရောင်သော အသွင်သဏ္ဍာန်ကို ဆောင်သဖြင့် ဗိန်ပြဲကိုယ်ရောင် သို့မဟုတ် ထုံနစိုရောဂါဟု ခေါ်သည်။

ဒုတိယတစ်မျိုးမှာ ခြေလက်များ ပိန်ချိနဲ့လှီ၍ ထုံကျင်ထုံနာ ခြောက်ရောဂါဟု ခေါ်သည်။ ထုံနာခြောက်မှာ အထူးသဖြင့် အာရုံကြောများကို ထိခိုက်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ မိခင်တစ်ဦးသည်

ဓတာမင်ဘီဓာတ် ချို့တဲ့လျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းကိုယ်တိုင်က ထုံရှပ်နာရောဂါ စွဲကပ်နေလျှင် သော်လည်းကောင်း၊ သားသမီး မထွန်းကားဘဲ နေမည်။ သို့မဟုတ် သားသမီး ရရှိကလည်း

ကလေးငယ် သို့မဟုတ် မိခင်ကိုယ်တိုင် သော်လည်းကောင်း နှစ်လသုံးလအတွင်း သေချာစွာ အချိန်မီ မကုစားက အသက် ဆုံးရှုံးနိုင်သည်။ ကလေးငယ်များတွင် ဖြစ်ပေါ်တတ်သည်။

ဗယ်ရီဗယ်ရီ ရောဂါမျိုးလည်း ရှိသေးသည်။ နှစ်လမှ လေးလ အရွယ်တွင် ဖြစ်တတ်သည်။ အထူးသဖြင့် ဗီတာမင်ဘီဓာတ် ချို့တဲ့သော မိခင်တို့၏ နို့ကိုသာ မှီဝဲရသဖြင့် ဤရောဂါမျိုး ကျရောက်ရခြင်း ဖြစ်ပေသည်။

ကလေးများတွင် ဖြစ်တတ်သော ဗယ်ရီဗယ်ရီရောဂါ လက္ခဏာများမှာ ဖျားနာခြင်း မရှိဘဲ၊ ရုတ်တရက် အော့အန်ပြီး ဖောရောင်လာတတ်သည်။ နောက် နှလုံး အားနည်းလာသည်။

အသံကို ထိန်းသော အာရုံကြော အားနည်းသွားခြင်းကြောင့် အသံဝင်လာသည်။ ထိုကလေးငယ် ငိုသည့် အသံမှာ အခြားကလေးများ ငိုသည့် အသံနှင့် မတူဘဲ တမူ ထူးခြားနေမည်။

 အသံဝင်ခြင်း၊ ဖောရောင်ခြင်းနှင့် တက်ခြင်းတို့သည် ဤလက္ခဏာ သုံးချက်မှာ ကလေးငယ်များတွင် ဖြစ်တတ်သည်။ ဗယ်ရီဗယ်ရီ ရောဂါ၏ တိကျသည့် လက္ခဏာများ ဖြစ်ပေသည်။

သို့သော် တစ်ချို့ကလေးများသည် အသံလည်းမဝင်၊ ဖောရောင်ခြင်းလည်း မရှိဘဲ ရုတ်တရက် တက်၍ သေဆုံးသွားကြသည်လည်း ရှိပေသည်။

လူတစ်ဦးလျှင် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၁.၂ မီလီဂရမ် ရရှိသင့်သည်။ သို့သော် လူတစ်ဦးနှင့်တစ်ဦး ဗီတာမင်ဘီဓာတ် လိုအပ်ချက် ကွဲပြား ခြားနားလေသည်။

 သို့သော် လူတစ်ဦးတစ်ယောက် စားသုံးသည့် ကစီဓာတ် အချိန်အဆ အပေါ်တွင်လည်း တည်သည်။ အစားအစာတွင် ကစီဓာတ်များလျှင် ဗီတာမင်ဘီဓာတ် ပို၍ လာမည်သာ ဖြစ်သည်။

 အလုပ်ကြမ်းသမားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များသည် ဗီတာမင် ဘီဓာတ် ပိုမိုလိုကြောင်း တွေ့ရသည်။ ယခုအခါတွင် တစ်နည်းအားဖြင့် လူတစ်ဦး လိုအပ်သည့် ဘီဓာတ်ကို

ထိုသူစားသုံးသည့် ကယ်လိုရီအား အပေါ်တွင် တွက်ဆပြပြန်သေးသည်။ ကယ်လိုရီအား ၁၀၀၀ စားတိုင်း စားတိုင်း ဗီတာမင်ဘီဓာတ် ၀.၅ မီလီဂရမ် လိုကြောင်း သိရသည်။ သို့သော် အနည်းဆုံး

တစ်နေ့လျှင် ၁.၀ မီလီဂရမ်ရမည်ဟု ဆိုထားလေသည်။ ပြုတ်ဆန် မောင်းထောင်းဆန် စားသော သူများတွင် ထိုမျှလောက်သော ဗီတာမင်ဘီဓာတ်ကို ရရှိရန် မခဲယဉ်းသော်လည်း၊

ကျွန်ုပ်တို့ကဲ့သို့ ဆန်ဖြူစားသော သူများတွင် အခြား ဗီတာမင် ဘီဓာတ် ပေါများသော အစားများကို နေ့စဉ် ထည့်သွင်းမစားဘဲ၊ လိုအပ်သည့် ဗီတာမင်ဘီဓာတ် ရရန် ခဲယဉ်းပေသည်။

 အကောင်းဆုံး ဗီတာမင်ဘီဓာတ် ဖြည့်တင်းရန်မှာ ပဲအမျိုးမျိုး ၃ ကျပ်သားမျှ နေ့စဉ် အစားတွင် ပါရှိရန် ဖြစ်လေသည်။ သို့သော် အကောင်းဆုံးသော နည်းမှာ ဆန်ဖြူအစား၊ ပြုတ်ဆန်၊

 မောင်းထောင်းဆန်၊ သို့မဟုတ် ဆန်လုံးညိုကို စားသုံးခြင်းဖြင့် လည်းကောင်း လိုအပ်သည့် ဗီတာမင် ဘီဓာတ်ကို အလုံအလောက် ရရှိနိုင်သည်။

ဗီတာမင်ဘီ ခေါ် ရိုင်ဗိုဖလေဘင်ဓာတ်

နှုတ်ခမ်းထောင့်များတွင် ကျီးကန်းပါးစပ် ဟုခေါ်သော အနာကလေးများ ဖြစ်ခြင်း၊ မျက်စိနီ၍ နာခြင်း၊ မျက်လုံးပူခြင်း၊ နှာခေါင်းဘေးတွင် အပေး အရေပြား ကွာ၍ အစေ့ကလေးများ ထွက်နေသော

အနာကလေးများ ဖြစ်ပေါ်ခြင်း စသည့် လက္ခဏာများမှာ ရိုင်ဗိုဖလေဘင်ခေါ် ဗီတာမင်ဘီဓာတ် ချို့တဲ့၍ ရရှိတတ်သော ရောဂါ အခြင်းအရာများ ဖြစ်လေသည်။ ဗီတာမင် ဘီဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ

ဆဲလ်ခေါ် ကလာပ်စည်းကလေးများတွင် အောက်ဆီဂျင်ဓာတ်ကို သုံးယူဖွဲ့စည်းသည့် ဓာတ်သဘော ပြောင်းလဲမှုများတွင် အထောက်အကူ ပေးရသော အင်ဇိုင်းများတွင် ပါဝင် ကူညီရသည်။

နို့နှင့် နို့မှရသော အစားအစာများ၊ ကြက်ဥ၊ ဘဲဥနှင့် အသည်းများသည် ဗီတာမင်ဘီဓာတ် ကြွယ်ဝသော အစားအစာများ ဖြစ်လေသည်။

နိုင်ယာစင်

နိုင်ယာစင်ခေါ် နစ်ကိုတီးနစ် အက်ဆစ်ဓာတ်သည် အခြားသော ဗီတာမင် ဘီဓာတ်များနှင့်အတူ ကစီဓာတ်ကို ခန္ဓာကိုယ်အတွင်း လုပ်အားအင်အား ဖြစ်ပေါ်လာသည့်အထိ ကျေချက်ရာ၌ ပါဝင် လုပ်ဆောင်ရသည့် အာဟာရဓာတ်တစ်မျိုး ဖြစ်လေသည်။

နိုင်ယာစင်ဓာတ် လျော့နည်းနေလျှင်-
(၁) နေရောင် အထိများသော ခြေဖမိုး၊ လက်ဖမိုး၊ လည်ကုတ်၊ နောက်ကျောတို့တွင် အသားအရေနီပြီး အနာကွက်ကလေးများ ဖြစ်တတ်သည်။
(၂) လျှာမှာ နီပြီး ကွဲနေမည်။
(၃) အစာမကြေ ဖြစ်ပြီး ဝမ်းခဏခဏ လျှောတတ်သည်။
(၄) ဦးနှောက် မကြည်မလင် ဖြစ်ပြီး အချိန်မီ မကုစားပါက ရူးသွပ်သည်အထိ ဖြစ်သွားနိုင်ပေသည်။

နိုင်ယာစင်ဓာတ် ကြာမြင့်စွာ ချို့တဲ့နေခဲ့လျှင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ စုပေါင်း၍ ပြင်းထန်စွာ ဖြစ်ပေါ်လာနိုင်သည်။

ထိုအခါ ဤရောဂါကို “ပဲလောရာ” ရောဂါ ဟုခေါ်လေသည်။ ထိုရောဂါမှာ အထူးသဖြင့် ပြောင်းကို နေ့စဉ် အစားအစာအဖြစ် စားသုံးကြသည့် တိုင်းပြည်များတွင် အများအပြား ဖြစ်ကြသည်။

 မြန်မာပြည်တွင် “ပဲလေဂရာ” ရောဂါ မဖြစ်ပွားသလောက် ရှိပြီး ဖြစ်ကြသူများမှာလည်း သေရည်သေရက်ကို နေ့စဉ်ရက်ဆက် အလွန်အကျွံ သောက်သူများတွင် ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။

နိုင်ယာစင်ဓာတ် ပေါများသော အစားအစာများမှာ အထူးသဖြင့် အသား၊ ငါးနှင့် ဂျုံ စသည်တို့ ဖြစ်ကြပါသည်။

ပန်တိုသီနစ်အက်ဆစ်

ဤအာဟာရဓာတ်သည်လည်း အခြား ဗီတာမင် ဘီဓာတ်များနှင့်အတူ တွေ့ရတတ်ပြီး အခြား ဗီတာမင်ဘီဓာတ်များနှင့် ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်များကို ကျေချက်၍ အင်အား၊ လုပ်အားအဖြစ်

အသုံးပြုရန် ပါဝင် ဆောင်ရွက်လေသည်။ ပင်တိုသီနစ်အက်ဆစ် ချို့တဲ့လျှင် လူများ၌ “ခြေနှင့် လက်များ ပူသည့် လက္ခဏာများ” ဖြစ်တတ်သည်။ သို့သော် ၎င်းဗီတာမင်ဓာတ်သည် အစားအစာတိုင်း လိုလိုတွင်

 ပါရှိသဖြင့် ချို့တဲ့မှု နည်းပါးလေသည်။ လူတစ်ဦးတစ်ယောက် လိုအပ်သည့် အတိုင်းအတာကို ကောင်းစွာ မသိရှိရသေးပေ။

မိုင်ဂီဒေါ့စင်

ဗီတာမင်ဘီသည် လူနှင့် အသက်ရှင်နေမှုအတွက် လိုအပ်သော ဗီတာမင်ဓာတ် ဖြစ်သည်။ အထူးသဖြင့် ကိုယ်ခန္ဓာအတွင်း အသားဓာတ်ကို ကျေချက်သုံးမှု ကိစ္စ အဝဝတို့နှင့် ဆက်စပ်လျက် ရှိကြောင်း သိရသည်။

ယိ(စ်)ခေါ် ကောက်စပါးများနှင့် ပဲအမျိုးမျိုးသည် “ပိုင်ရီဒေါ့စင်” ဓာတ် ရရှိနိုင်သော အစားအစာများ ဖြစ်လေသည်။ လူတစ်ဦးလျှင် တစ်နေ့အတွက် မည်မျှ လိုအပ်သည်ကို သေချာစွာ မသိရှိရသေးပေ။ သို့သော် တိရစ္ဆာန်များတွင် စမ်းသပ် တွေ့ရှိချက်များကို အမှီပြု၍ တစ်ဦးလျှင် ၄ မီလီဂရမ်မျှ လိုကြောင်း ခန့်မှန်းရလေသည်။

ဘိုင်အိုတင်းဓာတ်

အသားအရေ ကောင်းမွန်ရေးအတွက် ဘိုင်အိုတင်းဓာတ် လိုအပ်သည်။ အစားအစာတိုင်းတွင် အများအပြား ပါဝင်သဖြင့် လူတို့တွင် ဘိုင်အိုတင်းဓာတ် ချို့တဲ့သည့် ရောဂါများ မပေါ်ပေါက်နိုင်ချေ။

သို့သော်၊ ကြက်ဥ၊ ဘဲဥ၊ အကာအစိမ်းကိုသာလျှင် နေ့စဉ် အစားအစာအဖြစ် စားသောက်ပါက “ဘိုင်အိုတင်း” ဓာတ် ချို့တဲ့သော လက္ခဏာများ ဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဥများ၏

အကာတွင် ပါရှိလေ့ရှိသည့် “အေဗီဒင်” ခေါ်သော ဓာတ်သည် ဘိုင်အိုတင်းဓာတ်၏ အကျိုး အာနိသင်များကို ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည်။ ဥများကို အထူးသဖြင့် ဘဲဥ၊ ကြက်ဥများကို ချက်ပြုတ်

စားသောက်ပါက အေဗီဒင်ဓာတ်များ ပျက်ပြယ်သွားသဖြင့်၊ ဘိုင်အိုတင်း ချို့တဲ့သော လက္ခဏာများ မပေါ်ပေါက်ကြောင်းလည်း သိရှိရလေသည်။ လူတစ်ဦးလျှင် ၁၀ မိုက်ခရိုဂရမ် လိုကြောင်း အကြမ်းအားဖြင့် သိရသည်။

ဖိုးလစ်အက်ဆစ်ဓာတ်

ဖိုးလစ်အက်ဆစ်ဓာတ် လျော့နည်းလျှင် လူတို့တွင် သွေးအာနည်းရောဂါ တစ်မျိုးတို့ ရရှိတတ်သည်။ ထို့ကြောင့်ပင်လျှင် ဖိုးလစ်အက်ဆစ်ဓာတ်သည် သွေးအားကောင်းစေရေး အတွက် လိုအပ်ကြောင်း သိရှိရခြင်း ဖြစ်ပေသည်။

ဖက်ဖူးရောင် အရွက်များ၊ ဂေါ်ဖီပွင့်တို့တွင် များစွာ ပါဝင်၍ အမဲသား၊ ဂျုံစည်တို့တွင် အတော်အသင့် ပါဝင်ပြီး အာလူး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ငှက်ပျောသီး၊ ဝက်သား၊ နို့၊ ဆန်နှင့် ပြောင်းတို့တွင် အနည်းငယ်စီ ပါကြောင်း သိရသည်။

လူတစ်ဦးလျှင် တစ်နေ့အတွက် မိုက်ခရိုဂရမ် ၅၀ မျှ လိုကြောင်း တွေ့ရလေသည်။

ဗီတာမင် “ဘီ”

ဗီတာမင်ဘီသည် အခြားသော မီတာမင်များနှင့် မတူပုံမှာ ၎င်း၏ေ မ်ာလီကျူးထဲ၌ “ကိုဘော့” ခေါ် သတ္တုတစ်မျိုး ပါရှိခြင်းပင် ဖြစ်သည်။ ဗီတာမင်ဘီဓာတ် လျော့နည်းနေလျှင် သွေးအားနည်းရောဂါ တစ်မျိုး ဖြစ်တတ်သည်။

၎င်းရောဂါမှာ သွေးအားနည်းရုံတင် မက ခြေထောက် သေးသည့်အထိ အာရုံကြောများ အားနည်းမှုလည်း ဖြစ်တတ်သည်။ တိရစ္ဆာန်များမှ ရသော အစားအစာများတွင် ဗီတာမင် ဘီဓာတ်များမှာ အထက်ဖော်ပြပါ ဗီတာမင်များ

ရလျှင် ၎င်းတို့ပါ ပါလာသဖြင့် ချို့တဲ့မှု မရှိ၊ ဤစာအုပ်တွင် ချဲ့ထွင် ဖော်ပြရန် မလိုအပ်တော့ပေ။ မြန်မာလူမျိုးများ နေ့စဉ် စားသုံးနေကြသော အစားအစာများကို ဓာတ်ခွဲ လေ့လာခြင်းအားဖြင့် လည်းကောင်း၊

ဆေးရုံ၊ ဆေးပေးရုံ၊ ကျန်းမာရေးဋ္ဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောင်ရေး ဋ္ဌာနများသို့ လာရောက်ကြသော ကျားမမရွေး လူအပေါင်းတို့ စမ်းသပ် ကြည့်ရှုခြင်းအားဖြင့် လည်းကောင်း၊ မြန်မာ တိုင်းရင်းသားတို့၏

နေ့စဉ် အာဟာရတွင် ဗီတာမင်ဘီဓာတ် အမျိုးမျိုးတို့ ချို့တဲ့နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့်လည်း ပြည်သူအပေါင်းတို့အား ဗီတာမင်ဓာတ် ချို့တဲ့မှုကြောင့် ဖြစ်ပေါ်သော ရောဂါ အအမျိုးမျိုးတို့ ချို့တဲ့နေသည်ကို တွေ့ရလေသည်။

 ထို့ကြောင့်လည်း ပြည်သူအပေါင်းတို့အား ဗီတာမင်ဓာတ် ချို့တဲ့မှုကြောင့် ဖြစ်ပေါ်သော ရောဂါ အမျိုးမျိုးတို့၏ ဖိစီးနှိပ်စက်မှုကို ခံနေကြရသည်ကို နေ့စဉ်နှင့်အမျှ တွေ့ရလေသည်။ ဆင်းရဲသော ရပ်ကွက်၌ အထူးသဖြင့်

ပိုမို များပြားလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အစားအစာများကို စားသောက်ကြသောအခါ ဤအချက်ကို အထူး သတိ ချပ်အပ်လှပေသည်။





ကျန်းမာချမ်းသာကြပါစေဗျာ

No comments:

Post a Comment