Friday, January 21, 2011

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ



လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။


http://mawluu.blogspot.com/   မှ ကူးယူတင်ပြသည် ။

1 comment:

  1. ကျေးဇူးအရမ်းကိုတင်ပါတယ်

    ReplyDelete